အလုပ်ကြောင့် စိတ်ဖိစီးမှုများ

Post by Jhon Abraham
June 2, 2018

လုပ်ငန်းခွင်မှာအဆင်မပြေဘူးလား?


      သင့်မှာရှိတဲ့အရည်အချင်းတွေကိုဘယ်တော့မှသံသယမဖြစ်ပါနဲ့။ သံသယစိတ်ကသင့်ကိုယုံကြည်မှုလျော့နည်းစေပါသည်။ မအောင်မြင်တဲ့လူတွေမလုပ်ချင်တဲ့အရာကိုအောင်မြင်တဲ့လူတွေကလုပ်ကြပါတယ် အတွေးလွန်တာတွေရပ်ပြီးဘဝကိုဖြေးဖြေးမှန်မှန်နဲ့သာလျှောက်သွားပါအရာအားလုံးအဆင်ပြေသွားပါလိမ့်မည်။ အလုပ်ကြောင့် ကိုယ်ပိုင်အချိန် နည်းပါးနေလား? ကိုယ်ပိုင်အချိန်လေးတစ်ပါတ်မှာနေ့တစ်ဝက်ကြိုးစားပြီးယူပါ။ အလုပ်ခွင်မှာလည်းတတ်နိုင်သလောက်မိသားစုပုံစံဖြစ်အောင်သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးမျိုးဖြစ်အောင်ကြိုးစားပြီးတည်ဆောက်ပါ။ ကိုယ်ဖြစ်နေတဲ့အရာသည်ကျော်လွှားလို့ရတာပဲဘာမှမဟုတ်ဘူးဆိုတာမြင်လာပါလိမ့်မည်။

လုပ်ငန်းခွင်မှာ လူမှုဆက်ဆံရေး အဆင်မပြေလို့လား?

    သင့်ကိုလူတိုင်းကချစ်ခင်ချီးကျူးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာကလည်းချီးမွမ်း(၇)ရက်ဖြစ်တာကြောင့်ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုကိုတော့အတတ်နိုင်ဆုံးမခံစားမိအောင်နေထိုင်ဖို့လိုပါသည်။ လူတိုင်းကကိုယ့်ဘဝနဲ့ကိုယ်ဖြစ်တာကြောင့်အရာအားလုံးကိုအမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရနိုင်ပါဘူး။ ဒါကြောင့်ကောင်းမွန်တဲ့ဆုံးမမှုမျိုးဆိုရင်ပြုပြင်ပြီးကဲ့ရဲ့အပြစ်တင်တာမျိုးကိုတော့မေ့ပျောက်ထားဖို့လိုပါတယ်။ ဒါလေးတွေလုပ်ကြည့်ကြဆို့ စိတ်ဖိစီးမှုကင်းပြီး၊လုပ်ငန်းခွင်အောင်မြင်ဖို့အတွက်ဒါလေးတွေလုပ်ကြည့်ကြဆို့။ အသက်သက်ပြင်းပြင်းရှုပါ ကြားဖြတ်အလုပ်တွေမလုပ်ပါနဲ့။ မင်းရဲ့တစ်နေ့တာလုပ်ရမယ့်အလုပ်တွေကိုအချိန်ဇယားဆွဲပါ။ အစားကိုအချိန်မှန်မှန်စားပြီးအိပ်ချိန်မှန်မှန်အိပ်ပါ။ ထိတ်လန့်စေမယ့်အရာတွေကိုလျော့ချပါ။ တစ်ခြားသူတွေကိုလွှမ်းမိုးနိုင်အောင်ကြိုးစားပါ။ အလုပ်မှာတိုင်ပင်ဖော်တိုင်ပင်ဖက်ထားပါ။